Min Atwat Ngar (Myanmar Version) Song Lyrics

Artist: Shine

Album: Shine Videos

Duration: 4:55

Min Atwat Ngar (Myanmar Version) Lyrics

ရင်ခုန်သံတွေမြန်တာ ငါထိန်းမရပြီကွယ်

ဘာလုပ်လုပ် မင်းမျက်နှာ၊ မင်းအပြုံး အရာအားလုံး

ရင်ထဲမှာ ထင်ကျန်နေ

စေလိုရာကိုစေ၊ ငါဟာမင်းအတွက်ပါပဲ

အို မိန်းကလေးရယ်

အချိန်ရာသီများ ပြောင်း နွေ၊ မိုး၊ ဆောင်း ဟောင်းလို့သွားလည်း

ရင်မှာ မင်းတစ်ယောက်တည်းသာ ထာဝရမပြောင်းလဲ

ရှင်သန်ချိန်ခရီး ဘယ်လောက်ဖြစ်ဖြစ်

ကိုယ်အမြဲ စောင့်စားမယ်

တစ်ချိန်မှာ မင်းနဲ့နီးရာ မျှော်လင့်ခြင်းကဗျာ

အို မင်းအတွက်ငါ အမြဲတမ်းအသင့်ရှိနေသူပါ

မင်းအတွက်ငါ ရင်ခုန်သံမပြောင်းလဲသွား

မင်းအတွက်ငါ ကမ္ဘာလောကထဲ ရှင်သန်နေတာ

မင်းအတွက်ဆို ငါ

အရာအားလုံး စတေးဖို့ အသင့်ပါ

ဒီလူရင်မှာ ဝေဒနာကို မင်းမသိနိုင်ခဲ့

ကံတရားရယ် မင်းနဲ့ငါကြားထဲ ကွာခြားခဲ့

ဘယ်တတ်နိုင်ပါတော့မလဲ

ပျော်ရွှင်ဖွယ်ရာအချိန်တွေသာ အမှတ်တရအနေနဲ့ ငါသိမ်းထား

အချိန်ရာသီများ ပြောင်း နွေ၊ မိုး၊ ဆောင်း ဟောင်းလို့သွားလဲ

ရင်မှာမင်းတစ်ယောက်တည်းသာ ထာဝရ မပြောင်းလဲ

ရှင်သန်ချိန်ခရီး ဘယ်လောက်ဖြစ်ဖြစ် မျှော်လင့်စောင့်စားမယ်

တစ်ချိန်ချိန် ကိုယ့်ရင်ထဲမှာ လာခိုနားပါ

အို မင်းအတွက်ငါ အမြဲတမ်း အသင့်ရှိနေသူပါ

မင်းအတွက်ငါ ရင်ခုန်သံ မပြောင်းလဲသွား

မင်းအတွက်ငါ ကမ္ဘာလောကထဲ ရှင်သန်နေတာ

မင်းအတွက်ဆို ငါ

အရာအားလုံး စတေးဖို့ အသင့်ပါ

အချိန်ရာသီများ ပြောင်း နွေ၊ မိုး၊ ဆောင်း ဟောင်းလို့သွားလဲ

ရင်မှာမင်းတစ်ယောက်တည်းသာ ငါချစ်ခဲ့တာ ငါသာအသိဆုံးပါ

ရှင်သန်ချိန်ခရီး ဘယ်လောက်ပဲဖြစ်ဖြစ် မျှော်လင့်စောင့်စားမယ်

တစ်ချိန်ချိန် ကိုယ့်ရင်ထဲမှာ လာခိုနားပါ

မင်းအတွက်ငါ အမြဲတမ်း အသင့်ရှိနေခဲ့တာ

မင်းအတွက်ငါ ရင်ခုန်သံ မပြောင်းလဲသွား

မင်းအတွက်ငါ ကမ္ဘာလောကထဲ ရှင်သန်နေတာ

မင်းအတွက်ဆို ငါ

အရာအားလုံး

စတေးဖို့ အသင့်ပါ

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *